Life Lessons You Can Learn During Covid 19 Outbreak

▪️ရောဂါပိုးပြန့်ပွားချင်းမှု ကာကွယ်ဖို့ Stay Home Save Lives ဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်လို့ ကျောင်းတွေ ပိတ်ရတယ် ၊ Work from Home တွေ ဖြစ်ကုန်တယ် စသဖြင့်ပေါ့။ နောက်ဆက်တွဲ အကျိုးဆက်တွေကို အားလုံးအတူ ရင်ဆိုင်ကြရတယ်။ ▪️ဒီလို ကပ်ရောဂါ အခြေအနေ ရောက်တော့ အရင်က မကြုံတွေ့ဖူးတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခါ ကျွန်တော်တို့ အများစုလည်း အရင်က မတွေးဖြစ်ခဲ့တဲ့အတွေးတွေ၊ မရဖြစ်လိုက်တဲ့ အတွေ့အကြုံ သင်ခန်းစာတွေလည်း များစွာ ရလာတယ်။ ဆိုတော့ ဒီလို အခြေအနေကြီးမှာ ကျွန်တော်တို့ အဆိုးထဲအကောင်းဆိုသလို ဘယ်လိုသင်ခန်းစာတွေ သင်ယူလိုက်ရလဲ အချိန်ပေးပြီး ဖတ်ကြည့်လိုက်ရအောင်။


How to Build Yourself when Things get stressful

🔹 မြန်မာစကားမှာရှိတဲ့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် ဆိုတဲ့ စကားကို ဟာသ တစ်ခုအနေနဲ့ ဆိုတတ်ကြပေမယ့် တကယ်တမ်းကျ မိသားစုရေး၊ လူမှုရေးတွေအပြင် ကိုယ်နေ့စဉ် နာရီပေါင်းများစွာ ကျင်လည်နေတဲ့ လုပ်ငန်းခွင်တွင်းမှာပါ စိတ်ဖိစီးစရာ စိတ်အနှောက်အယှက်ဖြစ်စရာဆိုတာ တစ်ခုမကဘဲ အမြဲလိုလိုရှိနေတတ်တာဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဒီလို စိတ်ညစ် စိတ်ပျက်စရာ အခက်အခဲတွေ ဆိုတာတွေနဲ့က ရှောင်လွှဲနေလို့ကို မရတာပါ။ ချက်ချင်းရုတ်တရက် ကျော်ပစ်လိုက်လို့ မရပေမယ့် ဒီလို အချိန်တွေ ရောက်လာတိုင်း အကောင်းဆုံး ဘယ်လို ပုံစံနဲ့ ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ပြင်ဆင်ထားလို့ ရပါတယ်။


How to Get Out of Your Comfort Zone

Comfort Zone က ဘယ်လို ထွက်ကြမလဲ ??? ▪️ ဘဝကြီးက နေထိုင်လှုပ်ရှားရတာ အရမ်းလွယ်ကူနေတဲ့အခါ Comfort Zone ထဲ ရောက်နေမိပြီလား ရုန်းထွက်ဖို့လိုနေပြီလား လို့ စဉ်းစားမိဖူးကြလား? အများစုကတော့ NO လို့သာ ဖြေကြမှာပါ။ ▪️ ဘာလို့ဆို ကျွန်တော်တို့ အများစု က Comfort Zone ကို မရောက်ရောက်အောင် သွားချင်ကြသူ။ ရောက်နေမှန်းသိရက်ကို နေချင်ကြသူ က များသားကိုဗျ။ ▪️ တကယ်တမ်းကျ နေ့စဉ်ဘဝမှာ စာကျက်နေရတာ၊ အလုပ်လုပ်ကိုင်နေရတာ တွေမှာ အလွယ်တကူ သက်တောင့်သက်သာ ပြုလုပ်နေရတာမျိုးနဲ့ Comfort Zone ထဲ ရောက်နေတာမျိုးက မတူညီပါဘူး။ ဥပမာ - ကိုယ်က Productive ဖြစ်သူမို့ တစ်နေ့ကို အလုပ်တာဝန် ၁၀ ခု လောက် အေးဆေးလုပ်နိုင်တာမျိုးနဲ့ လေး ငါး ခုလောက်သာ လုပ်ပြီး သက်တောင့်သက်သာ နေနေတာမျိုး ကွဲပြားသလိုပေါ့။ ▪️ဆိုတော့ ဘာလို့ Comfort Zone မှာ မနေသင့်တာလဲ?


How to Overcome Your Fear

▪️ တခါတလေ ဘဝမှာ ကိုယ်လျှောက်လိုတဲ့လမ်း၊ ရောက်ချင်ပန်းတိုင် ရှိနေပါရက် ၊ ကြိုးစား သွားချင်ပါရက်နဲ့ မဖြစ်နိုင်လောက်မှာ ကျရှုံးသွားမှာ ကြောက်ပြီး နောက်ဆုတ်လိုက်တာမျိုး ရှိခဲ့ဖူလား ? ▪️ ဆုံးဖြတ်ချက် တစ်ခုချမှတ်တိုင်း မှားသွားမှာ၊ လွဲချော်သွားမှာ၊ လမ်းကြောင်းလွဲသွားမှာစသည်ဖြင့် စစ်မရောက်ခင် မြှားကုန်ပြီး လက်လျှော့လို်က်တာတွေ ရှိဖူးလား? ▪️ ရှိခဲ့ဖူးတယ်ဆိုရင်တော့ သေချာတာက သင့်မှာ Fear of Failure ( ကျဆုံးရမှာ ကြောက်ရွံခြင်း) ဆိုတဲ့ “Atychiphobia” တစ်မျိုး ရှိနေတာပါ။


Stop Thinking Start Doing

▪️ကျွန်တော်တို့တွေ အားလုံးလိုလို ကိုယ်ပိုင် စိတ်ကူးထဲမှာ ဖြစ်ချင်တာတွေ ုလုပ်ချင်တာတွေ အများအပြားရှိတတ်ကြစမြဲပါ။ ဘ၀ အတွက် ကြီးကြီးမားမား အိပ်မက်တွေကစလို့ ဘာသာစကားအသစ်သင်ချင်တယ်၊ အားကစားလုပ်ချင်တယ်၊ ဝိတ်ထိန်းချင်တယ်၊ ပိုက်ဆံစုချင်တယ် စသည်ဖြင့် အသေးအမွှား စိတ်ကူးလေးတွေ အထိပေါ့။ ▪️ ဆိုတော့ မေးစရာက ကျွန်တော်တို့ ဖြစ်ချင်တာ လုပ်ချင်တာတွေကို ဒီတိုင်း စိတ်ကူး အိပ်မက် သပ်သပ်ပဲ ပုံဖော်ထားကြတော့မှာလား?လက်တွေ့ အသက်သွင်း ပုံမဖော်ကြတော့ဘူးလား ? ▪️ အကယ်၍များ ကိုယ်တိုင်က ကိုယ့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့ ရေးခြယ်ဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီဆောင်းပါးလေးကို ၃ မိနစ်လောက် အချိန်ပေး ဖတ်ရှုပါလို့ အကြံပြုလိုက်ပါရစေ။


ကိုယ်တိုင်အံ့အားသင့်လောက်မယ့်အရာတွေ ဘဝမှာဘာကြောင့်မလုပ်မိကြတာလဲ?

“Life has no meaning. Each of us has meaning and we bring it to life. It is a waste to be asking the question when you are the answer.” လိုက Joseph Campbell ပြောခဲ့သလိုပါပဲ။ ရှင်သန်နေထိုင်တဲ့ ဘဝရဲ့ အဓိပ္ပာယ်ဟာ ဘာများလဲဆိုပြီး မေးခွန်းထုတ်မိတယ်ဆိုရင် အဖြေက သင်ကိုယ်တိုင်ပဲလို့ ဆိုရမှာပါ။ ကိုယ်က ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ ရှင်သန်နေထိုင်နေချင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်တိုင် ဖန်တီးယူရမှာပါ။ ဘဝဆိုတာ စာအုပ်တစ်အုပ်ဆိုရင် အခန်းဆက်တိုင်းမှာ ဘာများဖြစ်နိုင်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်မျှော် ဖတ်ရှုနေရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရေးသားယူရမှာပါ။


ကိုယ်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ဖူုးလား

“Life is an endless process of self-discovery.” ဆိုတဲ့ စကားလိုပါပဲ။ဘဝဆိုတာ ကိုယ့်ကိုယ်ကို ရှာဖွေရင်း အကောင်းဆုံး Version တစ်ခု ဖြစ်လာအောင် ပြုပြင် ကြိုးစားယူရခြင်းလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ သတိမထားမိပေမယ့် Personal Development တိုင်းက Self Discovery ကနေ စတင်ကြတာချည်းပါပဲ။ ဒါပေမယ့် တခါတရံမှာ ကျွန်တော်တို့အများစုက ကိုယ့်အိပ်မက်တွေကို ရှာဖွေနေရင်းနဲ့ကို လမ်းပျောက်သွားတတ်တယ်။ စိတ်ဓာတ်ခွန်အားတွေ၊ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတယ်၊ ကြိုးစားသင်ယူလိုစိတ်တွေ ပျောက်ဆုံးတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားလေ့ရှိကြတယ်။ အလွယ်ကူဆုံးပြောရရင် ကိုယ်တိုင် ဘာဖြစ်ချင်မှန်းမသိ လမ်းပျောက်သွားတတ်ကြတယ်ပေါ့။


Two Types of inspiration

ကျွန်တော်တို့ ဖတ်နေကြ စာအုပ်တွေမှာလည်း ပါလေ့ရှိတယ်၊ Social Media ပေါ်မှာလည်း ခဏခဏတွေ့ရတယ်၊ အောင်မြင်ကျော်ကြားတဲ့ လူတွေရဲ့ အမေးအဖြေတွေမှာလည်း သူတို့ပြောနေကြ စကားလုံးတစ်ခုရှိပါတယ်။ Inspiration ဆိုတဲ့စကားလုံးပါ။ “What inspire me most is …” တို့ “ဒီကနေ တဆင့် Inspiration ရလာတာ …” တို့ “ဘယ်ကနေ Inspiration ကို ရှာတွေ့သွားလဲဆိုရင် …” စတဲ့ အသုံးအနှုန်းတွေကို ကျွန်တော်တို့ ကြားဖူးနေကြ ဖြစ်မှာပါ။


You have two choices

“Every Day may not be good but there is something good in everyday” ဆိုတဲ့ စကားလိုပါပဲ။ ပြက္ခဒိန်မှာ ရက်ရာဇာတွေ ပြဿဒါးတွေ သတ်မှတ် ထားပေမယ့် ကျွန်တော်တို့ ခင်ဗျားတို့သာ နေတတ်မယ်ဆိုရင် နေ့ရက်တိုင်းက အမြဲ ရက်ရာဇာတွေကြီးပါပဲ။ ဆိုလိုချင်တာက Good Day တွေ Bad Day တွေ ဆိုတာတွေကို ကျွန်တော်တို့ Attitude ကသာ သတ်မှတ်တာပါ။ တနည်းအားဖြင့်ပြောရရင် Optimistic အမြင်နဲ့ ရေ တဝက်ပြည့်နေတယ်ဆိုတာမျိုးပဲ တွေးကြသလိုပေါ့။


ကိုယ့်ရဲ့ Stress တွေကို Success ဖြစ်အောင်ဘယ်လိုပြောင်းလဲကြမလဲ?

“The key to winning is poise under stress.” ဆိုတဲ့ စကားလိုပါပဲ။ ကျွန်တော်အပါအဝင် လူအများစုမှာ တူညီတာတစ်ချက်က ကျွန်တော်တို့အားလုံးဟာ ကိုယ့် Career မှာ Success ဆိုတဲ့ အောင်မြင်မှုကို တောင့်တကြသလောက် Stress ဆိုတဲ့ စိတ်ဖိစီးမှုတွေကိုတော့ ခံနိုင်ရည် မရှိတတ်ကြတာဖြစ်ပါတယ်။ Successful Career နဲ့ Stressful Life ဆိုတာ အနည်းနဲ့အများတော့ ဒွန်တွဲနေကြတာချည်းပါပဲ။ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကြောင့် Stress ဖြစ်တယ်။ ဖြေရှင်းလို့ရပြန်တော့လည်း ဘယ်လိုဖြေရှင်းရမလဲဆိုပြီး Stress ဖြစ်ပြန်တယ်လေ။ နေ့စဉ် ဘဝထဲမှာ မလွဲမသွေ ကြုံနေရတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ စိတ်အလိုမကျမှုတွေ အကုန်လုံးကလည်း စိတ်မထားတတ်သူအတွက်တော့ Stress တွေပါပဲ။