How to Choose Best College for You

ပညာရေး ဆိုတာ ယနေ့ခေတ် လူကြီး လူငယ်တွေကြားမှာ အရေးပါလာတဲ့ စကားလုံး အဖြစ် ရပ်တည်လို့လာပါပြီ။ လူငယ်အများစု ကိုယ်တိုင်ကလဲ ပညာရေး ဆိုတာကို စိတ်ဝင်စားလာကြပြီး ကိုယ့် Educational Pathway တွေနဲ့ Career Lifestyle တွေကို ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်ရွေးချယ်နေကြတာမျိုးတွေ မြင်ရတာ တကယ်ပဲ အားရကျေနပ်စရာ ကောင်းလှပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တွေက တိုက်ရိုက်ချီးမြှင့်ပေးအပ်တဲ့ ဘွဲ့အမျိုးမျိုးကို အလွယ်တကူ ရွေးချယ်တက်ရောက်နိုင်လာပြီဖြစ်တဲ့အတွက်ပညာရေးအခွင့်အလမ်းတွေက ပိုမို များပြားလှတယ်လို့ ပြောလို့ရပါတယ်။


Points You Need To Consider Before Studying Abroad

နိုင်ငံခြား ပညာရေးကိုမှ စိတ်ဝင်တစား တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် အခက်အခဲဆုံးသော အရာတစ်ခုက ဘယ်အချက်ပေါ်မူတည်ပြီး ဘယ်လို နိုင်ငံခြားပညာရေးတွေ သင်ကြားပေးနေတဲ့ ကျောင်းကို ရွေးချယ် တက်ရောက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်ကြတာပါပဲ။ မိမိဘဝရဲ့ ပညာရေးကို ရွေးချယ်တယ်ဆိုတာ ကျောင်းသားဘ၀ စာသင်နှစ် တလျှောက်လုံး သင်ကြားရမယ့် ဘာသာရပ်တွေကို ရွေးချယ်ရုံတင်မဟုတ်ပါဘူး။ လုပ်ငန်းခွင်နယ်ပယ် ကို ကိုယ်တိုင် စိန်ခေါ်ရင်း ကိုယ်တိုင် လျှောက်လှမ်းရမယ့် အနာဂတ်ကို ရွေးချယ်လိုက်တာပါ။ ဒီတော့ ကိုယ်တိုင် ကိုယ့်အနာဂတ်ကို ရွေးချယ် လျှောက်လှမ်း နိုင်ဖို့အတွက် အကောင်းဆုံး ပညာရေး ကို ရွေးချယ်မယ်၊ နိုင်ငံခြားပညာရေး ကို လေ့လာသင်ယူတော့မယ် ဆိုရင် ဘယ်လိုအချက်တွေကို ကြိုတင် စဉ်းစားထားရမလဲ သတိထားရမလဲ ဆိုတာ ဝေမျှပေးချင်ပါတယ်။