ဆရာစိတ်ဓါတ်ဆိုတာ (ဆရာနှင့်ပညာရေး - အပိုင်း ၂)

ဆရာစိတ်ဓါတ်ဆိုတာ (ဆရာနှင့်ပညာရေး - အပိုင်း ၂) ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။


ဆရာတွေအကြောင်း … (ဆရာနှင့်ပညာရေး - အပိုင်း ၃)

ဆရာတွေအကြောင်း … (ဆရာနှင့်ပညာရေး - အပိုင်း ၃) လူတွေဟာ သူတို့စိတ်ဓါတ်ပေါ် မူတည်ပြီး ပြောဆို ဆက်ဆံ ပြုမူတတ်ကြပါတယ်။ ကျွန်မလုပ်သက် ဆယ့်သုံးနှစ်ကျော်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးမျိုး ရှိခဲ့တယ်။ စည်းကမ်းမဲ့၊ တာဝန်မသိတတ်သူတွေ၊ ကိုယ်နာမည်ကောင်းရဖို့ သူများကို ဂျောက်တွန်းသူတွေ၊ ကိုယ့်အမှားကို ဝန်မခံချင်သူတွေ၊ ကိုယ်ပဲမှန်တယ်ဆိုပြီး ခေါင်းမာသူတွေကို၊ အင်ဂျင်နီယာဖြစ်တုန်းက လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ ဆရာမဖြစ်လာတော့ အဲလိုလုပ်ဖော်ကိုင်ဖက်မျိုးကို တွေ့တိုင်း၊ သူတို့သင်တဲ့အတန်းထဲက ကျောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ ဆရာတယောက်အနေနဲ့ သူတို့လုပ်ရပ်တွေကို သဘောမကျမိဖူး။


မြန်မာ့အနာဂတ်အတွက် ကမ္ဘာသုံးအင်္ဂလိပ်စာ

မြန်မာ့အနာဂတ်အတွက် ကမ္ဘာသုံးအင်္ဂလိပ်စာ ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားနှင့် ယခင်ကထက် ပိုမို ထိတွေ့ ဆက်ဆံလာသည်။ နိုင်ငံခြားကုမ္ပဏီ အများအပြား မြန်မာနိုင်ငံသို ဝင်ရောက်ဖို့ စီစဉ်နေကြသည်။ ယခုခေတ် လူငယ်များက မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာရှိသော မျိုးဆက်သစ်များ ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် နိုင်ငံတကာနှင့် တန်းတူဆက်ဆံနိုင်ရန် ဘုံသုံးစကားဖြစ်သော အင်္ဂလိပ်စာကို လူငယ်တွေ တတ်ကျွမ်းဖို့ အရင်ကထက် ပိုအရေးကြီးလာသည်။


ဘဝတသက်တာလေ့လာသင်ယူရာဝယ်

ဘဝတသက်တာလေ့လာသင်ယူရာဝယ် အမြဲပြောင်းလဲနေသော ကမ္ဘာပေါ်မှာ ကျမတို့ဟာ ကျောင်းတွေမှာ စာသင်ယူတာလောက်နှင့် မရပ်ထားပဲ၊ ဘဝမှာ ကိုယ့်ဘာသာ အမြဲလေ့လာသင်ယူ နေကြရမည်။ ထိုမှသာ အပြောင်းအလဲများနှင့်အညီ ကျမတို့ ရွေ့လျားနိုင်မည်၊ လေ့လာသင်ယူသောအခါ စာအုပ်များမှသာမက ကျမတို့ ဘဝများမှာ ကြုံတွေ့နေရတာတွေမှလည်း ဗဟုသုတ၊ အသိပညာ၊ တွေးစရာတွေ ရနိုင်သည်ဟု ကျမယုံကြည်သည်။


How to Choose Best College for You

ပညာရေး ဆိုတာ ယနေ့ခေတ် လူကြီး လူငယ်တွေကြားမှာ အရေးပါလာတဲ့ စကားလုံး အဖြစ် ရပ်တည်လို့လာပါပြီ။ လူငယ်အများစု ကိုယ်တိုင်ကလဲ ပညာရေး ဆိုတာကို စိတ်ဝင်စားလာကြပြီး ကိုယ့် Educational Pathway တွေနဲ့ Career Lifestyle တွေကို ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်ရွေးချယ်နေကြတာမျိုးတွေ မြင်ရတာ တကယ်ပဲ အားရကျေနပ်စရာ ကောင်းလှပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တွေက တိုက်ရိုက်ချီးမြှင့်ပေးအပ်တဲ့ ဘွဲ့အမျိုးမျိုးကို အလွယ်တကူ ရွေးချယ်တက်ရောက်နိုင်လာပြီဖြစ်တဲ့အတွက်ပညာရေးအခွင့်အလမ်းတွေက ပိုမို များပြားလှတယ်လို့ ပြောလို့ရပါတယ်။


Points You Need To Consider Before Studying Abroad

နိုင်ငံခြား ပညာရေးကိုမှ စိတ်ဝင်တစား တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် အခက်အခဲဆုံးသော အရာတစ်ခုက ဘယ်အချက်ပေါ်မူတည်ပြီး ဘယ်လို နိုင်ငံခြားပညာရေးတွေ သင်ကြားပေးနေတဲ့ ကျောင်းကို ရွေးချယ် တက်ရောက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်ကြတာပါပဲ။ မိမိဘဝရဲ့ ပညာရေးကို ရွေးချယ်တယ်ဆိုတာ ကျောင်းသားဘ၀ စာသင်နှစ် တလျှောက်လုံး သင်ကြားရမယ့် ဘာသာရပ်တွေကို ရွေးချယ်ရုံတင်မဟုတ်ပါဘူး။ လုပ်ငန်းခွင်နယ်ပယ် ကို ကိုယ်တိုင် စိန်ခေါ်ရင်း ကိုယ်တိုင် လျှောက်လှမ်းရမယ့် အနာဂတ်ကို ရွေးချယ်လိုက်တာပါ။ ဒီတော့ ကိုယ်တိုင် ကိုယ့်အနာဂတ်ကို ရွေးချယ် လျှောက်လှမ်း နိုင်ဖို့အတွက် အကောင်းဆုံး ပညာရေး ကို ရွေးချယ်မယ်၊ နိုင်ငံခြားပညာရေး ကို လေ့လာသင်ယူတော့မယ် ဆိုရင် ဘယ်လိုအချက်တွေကို ကြိုတင် စဉ်းစားထားရမလဲ သတိထားရမလဲ ဆိုတာ ဝေမျှပေးချင်ပါတယ်။


Career Opportunities for Business Management Students

ကျောင်းပြီးခါနီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရတော့မယ်လို့ စဉ်းစားလိုက်တိုင်း ကျောင်းသားအများစုအတွေးထဲမှာ ပေါ်လာလေ့ရှိတာက ကိုယ်ရွေးချယ်တက်ရောက်လိုက်တဲ့ Major နဲ့ ကိုက်ညီတဲ့ ဘယ်လို Career ကို ရွေးချယ်လုပ်ကိုင်ရမလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒီလို အခြေအနေမျိုးက Business Management ဘွဲ့ရ ကျောင်းသူကျောင်းသားတွေအများစုမှာ ဖြစ်လေ့ရှိတာကို တွေ့ရမှာပါ။ ကဲ ဒီလိုဆို Business Management ဘွဲ့နဲ့ လျှောက်လှမ်းရမယ့် Career Pathway မှာ ဘယ်လို Career Opportunities တွေ ရှိနေပြီလဲ?