Appreciate Yourself!

▪️ကိုယ်လိုအပ်တဲ့ ပစ္စည်း ဝယ်ယူပြီးတဲ့အခါ ၊ Delivery လာပို့တဲ့အခါ၊ တစုံတခု ပြုတ်ကျသွားလို့ ကောက်ပေးလိုက်တဲ့အခါ ၊ ကိုယ်သွားလိုရာ လိုက်ပို့တဲ့ တက္ကစီဦးလေးကြီးကို ကားပေါ်က ဆင်းတဲ့အခါ ကျေးဇူးတင်ပါတယ် ပြောဖြစ်မယ်ပေါ့။ ▪️သူများတွေ ဆီကလည်း ကျွန်တော်တို့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားမျိုး မရေမတွက်နိုင်အောင် ကြားခဲ့ဖူးမှာပါ။ ဒီလိုဆို စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်နှကြိမ် ဘယ်နှခါ လောက်များ ကျေးဇူးတင်ပါတယ်ပြောခဲ့ဖူးလဲ ?


Stop Worrying What Other People Think about You

▪️ကျွန်တော် အများစု ဖြစ်ဖူးကြုံဖူးကြမှာပါ။ ဥမမာ Group Meeting တွေလို လူအများကြားမှာ ဒီလို လုပ်လိုက် ပြောလိုက်ရင် လူတွေ ဘယ်လိုများ မြင်မလဲ ? ဆိုတဲ့ အတွေးက အရင်ဆုံး ကိုယ့်ခေါင်းထဲ ပေါ်လာတတ်တာမျိုးပေါ့။ ▪️ကိုယ်ပြောမယ့် မေးချင်တဲ့ အကြောင်းအရာထက် လူတွေက ဘယ်လိုမြင်မလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ကို အရင်တွေးတောပူပန်နေရတာမျိးပေါ့။ ▪️ဆိုတော့ အများအမြင်နဲ့ ဘာကြောင့်များ ကျွန်တော်တို့ အသက်ရှုနေမှာလဲ? ကိုယ့်တန်ဖိုးကို ဘာကြောင့်များ လူအများအမြင်ပေါ်လိုက်ပြီး တံဆိပ်နှိပ်မှာလဲ ?


Life Lessons You Never Learn From School

🔹ကျွန်တော်အားလုံးလိုလို ငယ်စဉ်က ကျောင်းမှာ သင်ယူလေ့လာခဲ့ရသမျှ စာတွေ့တိုင်းဟာ တကယ်တမ်း ပြင်ပ လက်တွေ့ ဘဝကို ဝင်ရောက်လိုက်ကြရတဲ့အခါ အသုံးဝင်ခဲ့သလောက် လက်တွေ့ဘဝမှာမှ သိခဲ့သင်ခဲ့ရတဲ့ အချို့သော အကြောင်းအရာသင်ခန်းစာတွေက ကတော့ ငယ်စဉ်က စာအုပ်တွေထဲ သင်ယူခဲ့ရတာတွေထဲ ပါမလာခဲ့ပါဘူး။


How to Boost Your EQ

Emotional Intelligence ဆိုတာမျိုးက အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလောက် ကျယ်ပြန့်ပေမယ့် အကျဉ်းချုံး အလွယ်ပြောရရင် လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ကျိုးကြောင်းသင့်လျော်စွာ ခံစားမျှဝေနားလည်သဘောပေါက်နိုင်တဲ့ ပါဝါ ၊ ကိုယ်ပိုင်ခံစားချက်နဲ့ တဖက်လူရဲ့ ခံစားချက်ခြား မှာ ချင့်ချိန်စဉ်းစာတွေးခေါ်နိုင်စွမ်းနဲ့အတူ ဘယ်လို တွေးတောသင့်တယ် ဘယ်လို ပြုမူသင့်တယ်ဆိုတာမျိုး ကိုယ်တိုင် စနစ်တကျ ဆုံးဖြတ်တတ်တာမျိုး၊ မိမိ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု တစ်ခုလို့ အကျဉ်းဖျင်း ဆိုနိုင်ပါတယ်။


Toxic Positivity

▪️ဥပမာတစ်ခုပြောရရင် သင့်မှာစိတ်ညစ်စရာရှိတဲ့အခါတိုင်း သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်တယ်ဆိုကြပါစို့။ သင့်အခက်အခဲတွေကို ပြောပြတဲ့အခါတိုင်း သူငယ်ချင်းက "အဆင်ပြေသွားမှာပေါ့" "ဘာလို့စိတ်ညစ်နေမှာလဲ၊ ပျော်ပျော်သာနေ" "စိတ်ထဲထည့်မနေနဲ့" "ကံပဲပေါ့ကွာ" ဒီလိုစကားမျိုးတွေသာ ပြောနေမယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။


Always Be Useful

🔹Emerson က ပြောဖူးတယ်။ ဘဝရဲ့ ရည်ရွယ်ချက်ဆိုတာ ပျော်နေဖို့ မဟုတ်ဘူး။ အသုံးဝင်ဖို့၊ ဂုဏ်သိက္ခာရှိဖို့၊ ကိုယ်ချင်းစာစိတ် ရှိဖို့နဲ့ အသက်ရှင်တယ်ဆိုတာနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နေတယ်ဆိုတဲ့ ကွဲပြားခြားနားချက်ကို သိမြင်ပြီး နေတတ်ဖို့ပဲ” တဲ့။ 🔹ဒီ Quote ကြီးဖတ်လိုက်ရင်တော့ ဘဝမှာ လုပ်စရာတွေ အများကြီး နဲ့ အကြီးကြီတွေလို့ ထင်ကောင်းထင်သွားလိမ့်မယ်ဗျ။ ဘဝကြီးမှာ အသုံးဝင်တယ်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။


Why We should Learn English from Mobile App

အကယ်၍များ သင်က အင်္ဂလိပ်စာ ကို စနစ်တကျ လေ့လာလိုသူ ၊ ကိုယ့် အင်္ဂလိပ်စာ အရည်အသွေးကို စနစ်တကျ အဆင့်ဆင့် မြှင့်တင်ချင်သူ တစ်ယောက်ဆိုရင်တော့ ခုလို Stay Home ကာလတွေက သင့်အတွက် Application တွေက တဆင့် လေ့လာ ဖို့ အကောင်းဆုံးအခွင့်အရေးလို့ ဆိုရမှာပါ။ ▫️ ဒီတော့ အင်္ဂလိပ်စာ လေ့လာဖို့ ဘာကြောင့် Online Application တွေကို ရွေးချယ်သင့်တာလဲ ?


Life Lessons You Can Learn During Covid 19 Outbreak

▪️ရောဂါပိုးပြန့်ပွားချင်းမှု ကာကွယ်ဖို့ Stay Home Save Lives ဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်လို့ ကျောင်းတွေ ပိတ်ရတယ် ၊ Work from Home တွေ ဖြစ်ကုန်တယ် စသဖြင့်ပေါ့။ နောက်ဆက်တွဲ အကျိုးဆက်တွေကို အားလုံးအတူ ရင်ဆိုင်ကြရတယ်။ ▪️ဒီလို ကပ်ရောဂါ အခြေအနေ ရောက်တော့ အရင်က မကြုံတွေ့ဖူးတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခါ ကျွန်တော်တို့ အများစုလည်း အရင်က မတွေးဖြစ်ခဲ့တဲ့အတွေးတွေ၊ မရဖြစ်လိုက်တဲ့ အတွေ့အကြုံ သင်ခန်းစာတွေလည်း များစွာ ရလာတယ်။ ဆိုတော့ ဒီလို အခြေအနေကြီးမှာ ကျွန်တော်တို့ အဆိုးထဲအကောင်းဆိုသလို ဘယ်လိုသင်ခန်းစာတွေ သင်ယူလိုက်ရလဲ အချိန်ပေးပြီး ဖတ်ကြည့်လိုက်ရအောင်။


Amazing Facts about Facebook

▪️ နေ့တိုင်းလိုလို အချိန်တိုင်းလိုလို ကျွန်တော်တို့နဲ့ ထိတွေ့နေတဲ့ Facebook မှာ ကျွန်တော်တို့ သတိမထားမိတဲ့ အကြောင်းအရာတွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ များစွာ ရှိလို့နေပါသေးတယ်။ ▪️ ဒီနေ့မှာတော့ အားလုံး ဗဟုသုတ ရဖွယ် စိတ်ဝင်စားစရာ Facebook အကြောင်းအရာလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦးခင်ဗျ။


How to Work from Home Productively

🔸လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ အလုပ်လုပ်တယ်ဆိုတာ သာမန်ဆိုပေမယ့် ရုတ်တရက် အိမ်မှာပဲ အလုပ်တာဝန်တွေကို ရုံးချိန်အတိုင်း လုပ်ဖို့ ဆိုတာကျ ကျွန်တော်တို့အတွက် အစိမ်းသက်သက်ဖြစ်လို့နေပါသေးတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာလို အာရုံစိုက်လို့ မရတာမျိုး၊ အလုပ်တွေ မပြီးမစီးဖြစ်နေတာမျိုး၊ တနေကုန် ထိုင် အလုပ်လုပ်နေပေမယ့် ရုံးမှာထက် အလုပ်တွေ ပိုများပြီး စုပုံနေမိတာမျိုးတွေ ကြုံလာရမှာပါ။ 🔸 ပြောရမယ်ဆိုရင် work from home ရတာ ဘယ်လိုမှ Productive မဖြစ်ဘူး ဖြစ်နေတယ်ပေါ့။ ဒီတော့ အိမ်မှာ အလုပ်လုပ်နေရတဲ့ သူတွေအနေနဲ့ လုပ်ငန်းခွင်မှာအတိုင်း Productive ဖြစ်ဖြစ်နဲ့ အကျိုးရှိအောင် ဘယ်လို အလုပ်လုပ်ကြမလဲ ? နှစ်မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်ကြပါဦးဗျ။


How to Build Yourself when Things get stressful

🔹 မြန်မာစကားမှာရှိတဲ့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် ဆိုတဲ့ စကားကို ဟာသ တစ်ခုအနေနဲ့ ဆိုတတ်ကြပေမယ့် တကယ်တမ်းကျ မိသားစုရေး၊ လူမှုရေးတွေအပြင် ကိုယ်နေ့စဉ် နာရီပေါင်းများစွာ ကျင်လည်နေတဲ့ လုပ်ငန်းခွင်တွင်းမှာပါ စိတ်ဖိစီးစရာ စိတ်အနှောက်အယှက်ဖြစ်စရာဆိုတာ တစ်ခုမကဘဲ အမြဲလိုလိုရှိနေတတ်တာဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဒီလို စိတ်ညစ် စိတ်ပျက်စရာ အခက်အခဲတွေ ဆိုတာတွေနဲ့က ရှောင်လွှဲနေလို့ကို မရတာပါ။ ချက်ချင်းရုတ်တရက် ကျော်ပစ်လိုက်လို့ မရပေမယ့် ဒီလို အချိန်တွေ ရောက်လာတိုင်း အကောင်းဆုံး ဘယ်လို ပုံစံနဲ့ ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ပြင်ဆင်ထားလို့ ရပါတယ်။


Life Lessons You Can Learn From Mark Zukerberg

▪️ ကမ္ဘာ့အအောင်မြင်ဆုံးသော စွန့်ဦးတီထွင်သူတွေထဲက တစ်ဦးဖြစ်ပြီး Facebook ကနေ တဆင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ ရဲ့ နေထိုင်ဆက်သွယ်မှုတွေ၊ သူငယ်ချင်းဖွဲ့ပုံတွေ၊ ကမ္ဘာကြီးရဲ့ စီးပွားရေး ဈေးကွက်တွေ၊ ဈေးကွက်ဖြန့်ချဲ့မှုတွေကစလို့ ကျွန်တော်တို့ တစ်နေ့တာ ဘာတွေဖြစ်ပျက်နေလဲ စိတ်ထဲ ဘာတွေ ရှိနေလဲက စလို့ What’s on Your Mind? ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းနဲ့ ပြောင်းလဲနိုင်ခဲ့တဲ့ “Mark Zukerberg” ဆီက ကျွန်တော်တို့ လေ့လာသင်ယူသင့်တဲ့ အချက်လေးတွေကို အချိန်ခဏလောက်ပေးပြီး ဖတ်ကြည့်လိုက်ရအောင်။