How to make better decision in life

ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်ကြမလဲ ? လူသားတိုင်းရဲ့ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက် တစ်ခုခု မချဘဲ ဖြတ်သန်းရတဲ့ နေ့ ဆိုတာ မရှိပါဘူး။ နေ့တိုင်းလိုလို ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေ ချမှတ်ရင်း ရှင်သန်နေကြရတာပါ။ ဒီနေ့တော့ ဘယ်သွားမယ် မနက်စာကို ဘာစားမယ် စတဲ့ နေ့စဉ် ဆုံးဖြတ်ချက်လေးတွေကနေတဆင့် ဘဝအတွက် အရေးပါတဲ့ ဘယ်ပညာရေးလမ်းကြောင်းကို ရွေးမယ် ဘယ် နေရာမှာ အသက်မွေးဝမ်းကျောင်းပြုမယ် ဘဝကို ဘယ်နည်းဘယ်ပုံနဲ့နေထိုင်မယ် စတဲ့ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေကို ကိုယ်တိုင် ဆုံးဖြတ်ပြီး နေထိုင်ရှင်သန်နေကြသူချည်းပါပဲ။


Critical Thinking Vs Creative Thinking

Critical Thinking နဲ့ Creative Thinking ဆိုတဲ့ စကားလုံးမျိုးတွေကို ကျွန်တော်တို့အများစု ပြောဆိုဆက်ဆံနေရတယ့် ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားဖူးနေကြမှာပါ။ ဒီတော့ Critical Thinking ဆိုတာ ဘယ်လိုမျိုးလဲ? ဘယ်လို အတွေးအခေါ်မျိုးကို Creative Thinking လို့ခေါ်တာလဲ? Critical Thinking နဲ့ Creative Thinking ကဘယ်လို ကွာခြားလဲ ဆိုတော့ Critical Thinking ဆိုတာ ကိစ္စတစ်ခုနဲ့ ကြုံလာရတိုင်း ဘယ်လို အဖြေက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် ဆုံးဖြတ်တဲ့ Thinking Skill တစ်ခုပါ။ Creative Thinking ဆိုတာကတော့ ဘယ်လို ဖြေရှင်းချက် အသစ် အသစ်တွေက ပိုမိုကောင်းမွန်နိုင်မလဲဆိုတာမျိုးတွေ တွေးခေါ်နိုင်စွမ်း ရှိတဲ့ skill တစ်မျိုးလို့ ဆိုလို့ရပါတယ်။


Hobbies that will make Smarter

“No man is really happy or safe without a hobby.” ဆိုတဲ့ စကားလိုပါပဲ။ “ဝါသနာ” ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ထွက်ပေါက် တစ်ခုပါပဲ။ ကျွန်တော်တို့ အားလုံးမှာ အားလပ်ချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးစေနိုင်မယ့် အလေ့အကျင့်တစ်ခု အဖြစ် နှစ်သက်ရတဲ့ ကိုယ်ပိုင် ဝါသနာတွေ ရှိကြစမြဲပါ။ ပုံမှန်အားဖြင့် ဝါသနာလို့ဆိုရာမှာ ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်တဲ့ ဝါသနာ၊ ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်စေမယ့် ဝါသနာနဲ့ ထက်ထက်မြက်မြက် ဖန်တီးနိုင်စွမ်း ကောင်းမွန်လာနိုင်တဲ့ ဝါသနာဆိုပြီး ယေဘုယျအားဖြင့် ခွဲခြားနိုင်တယ်လို့ ဆိုကြပါတယ်။


ဘာကြောင့်အကြောင်းအရာအသစ်တွေကိုလေ့လာသင့်တာလဲ?

“Somewhere, something incredible is waiting to be known.” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ သင်ယူလေ့လာစရာအကြောင်းအရာတွေဆိုတာ ကုန်ဆုံးသွားတယ်လို့မရှိပါဘူး။ သင်ယူလေ့လာခြင်းဟာ ပန်းတိုင်မဟုတ်ဘူး၊ ခရီးစဉ်ဖြစ်ပါတယ်။ ဘဝဆိုတာကိုက အသစ်အသစ်တွေကို သင်ယူလေ့လာခြင်းပါပဲ။ ကိုယ့်မှာသာ တက်ကြွမှုနဲ့ သင်ယူလိုစိတ်ရှိပါစေ၊ ကမ္ဘာကြီးမှာ အံသြဖွယ်ရာ အသိပညာဗဟုသုတွေက သင့်လက်တကမ်းမှာ ရှိနေပါတယ်။


နေ့စဉ်ဘဝရဲ့ အရှုပ်တွေထဲမှာရှင်းအောင်ဘယ်လိုနေကြမလဲ?

“Life is more fun when you are organized” ဆိုတဲ့ ကြားဖူးနေကျ စကားတစ်ခုလိုပါပဲ။ ကျွန်တော်တို့ အားလုံးလိုလို စိတ်ပေါ့ပါး ရှင်းလင်းသေသပ်စွာ နေထိုင်ဖြတ်သန်းချင်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာ စည်းစနစ်တကျ နေထိုင်တတ်တဲ့ သူမျိုးဖြစ်ဖို့က ထင်သလောက် မလွယ်ကူလှပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင်မှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေ အတွက် ကိုယ့်လုပ်ငန်းဆောင်တာတွေအတွက်ရော အိမ်ကိစ္စတွေကိုပါ စီစဉ် ဆောင်ရွက်နေကြရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အရာတိုင်းလိုလိုက စနစ်တကျနဲ့ အမြဲလိုလို ရှင်းလင်းနေဖို့ဆိုတာ ပိုခက်ခဲလွန်းပါတယ်။


Importance of IQ, EQ, PQ

ဘဝမှာ အောင်မြင်မှု ဆိုတာတွေက အကောင်းမြင် ဝါဒကို ဆုပ်ကိုင်ရင်းနဲ့ ကြိုးစား အားထုတ်ခဲ့ကြတဲ့ အကောင်းမြင်ဝါဒီသမားတွေအတွက် ရည်မှန်းချက် ပန်းတိုင်တစ်ခုပါ။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ၊ လုပ်ငန်းခွင်မှာ၊ ဘ၀ အောင်မြင်မှု လျှောက်လှမ်းမှာ အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ဆို ဒီလို အကောင်းမြင်ဝါဒီ တစ်ယောက်ဖြစ်ဖို့ လိုအပ်နေပြီလား။ တနည်းအားဖြင့် ပြောရရင် ကျွန်တော်တို့မှာ “ Positive Intelligence Quotient ” ရှိဖို့ တကယ်ပဲ လိုအပ်နေလား။ နောက်ပြီး PQ က IQ နဲ့ EQ လို တကယ်ပဲ အရေးကြီးသလား ? IQ နဲ့ EQ ဆိုတာက ကျွန်တော်တို့ အားလုံ လိုလို ကြားဖူးနေကျ သိပ်မစိမ်းတဲ့ အသုံးအနှုန်းတွေပါ။


How Successful People Handle Toxic People

နေ့စဉ်ဘဝမှာ၊ ပတ်ဝန်းကျင်မှာ၊ လုပ်ငန်းခွင်နယ်ပယ်မှာ စိတ်ဓာတ်ကျလောက်အောင် ခေါင်းကိုက်ချင်စရာ၊ သူတို့ရှိနေရင်ကို Motivation တွေပျောက်ပြီး အားအင်ကုန်ခမ်းချင်စရာဖြစ်စေတဲ့ လူမျိုးတွေနဲ့ ကြုံတွေ့ဖူးကြလား ? ရှိတယ်ဆိုရင်တော့ ဒီခံစားချက်ကို ကောင်းကောင်း နားလည်ကြလောက်မှာပါ။ အထူးသဖြင့် လုပ်ငန်းခွင်နယ်ပယ်မှာ ကျွန်တော်တို့အောင်မြင်မှုအတွက် ဘဝအတွက် အဆိပ်အတောက်ဖြစ်စေမယ့် လူမျိုးတွေက ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ တစ်ယောက်မကတော့ အနည်းဆုံး ရှိတတ်ကြတာချည်းပါပဲ။