ကိုယ်တိုင်အံ့အားသင့်လောက်မယ့်အရာတွေ ဘဝမှာဘာကြောင့်မလုပ်မိကြတာလဲ?

“Life has no meaning. Each of us has meaning and we bring it to life. It is a waste to be asking the question when you are the answer.” လိုက Joseph Campbell ပြောခဲ့သလိုပါပဲ။ ရှင်သန်နေထိုင်တဲ့ ဘဝရဲ့ အဓိပ္ပာယ်ဟာ ဘာများလဲဆိုပြီး မေးခွန်းထုတ်မိတယ်ဆိုရင် အဖြေက သင်ကိုယ်တိုင်ပဲလို့ ဆိုရမှာပါ။ ကိုယ်က ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ ရှင်သန်နေထိုင်နေချင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်တိုင် ဖန်တီးယူရမှာပါ။ ဘဝဆိုတာ စာအုပ်တစ်အုပ်ဆိုရင် အခန်းဆက်တိုင်းမှာ ဘာများဖြစ်နိုင်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်မျှော် ဖတ်ရှုနေရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရေးသားယူရမှာပါ။


Life Lesson for High School Graduates

တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝကို ဖြေဆိုအောင်မြင်သွားကြတဲ့အခါ ကျွန်တော်တို့ ကျောင်းသူကျောင်းသား အများစု အတွေးမှာ ပထမဆုံးပေါ်လာတာက ပျင်းစရာကောင်းတဲ့ စာအုပ်တွေ၊ သင်ခန်းစာတွေကနေ လွတ်ပြီကျွတ်ပြီပေါ့။ ဒါပေမယ့် ဒီပျော်ရွှင်မှုက သိပ်ကြာကြာတော့ မခံပါဘူး၊ တက္ကသိုလ် ကျောင်းသားဘ၀ ကိုဖြတ်သန်းရတော့မယ် ဆိုတဲ့ အသိက ထင်သလောက် ပေါ့ပေါ့ပါးပါး မရိုးရှင်းဘူး မဟုတ်လား။ ဘယ်တက္ကသိုလ်ကို ရွေးချယ်ရပါ့မလဲ ဘယ်မေဂျာကို တက်ရပါ့မလဲ၊ ရှေ့လျှောက် ဘာဆက်လုပ်ရမလဲ၊ ဘာလမ်းကြောင်းကို ရွေးချယ်ရလဲဆိုတဲ့ မေးခွန်းပေါင်းသောင်းခြောက်ထောင် ခေါင်းထဲဝင်လာပြီး ပျော်တာလေးတွေ ပျောက်ကုန်တတ်တာ လူတိုင်းပါပဲ။ အရင်က စာကျက်လိုက် စာမေးပွဲဖြေလိုက်နဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေရာကနေ တကယ်တမ်းကျ ရှေ့ဆက်လျှောက်ဖို့ မိုင်တွေအများကြီးကျန်နေပါသေးလားဆိုတာ သိလာရပါတယ်။


ကိုယ်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ဖူုးလား

“Life is an endless process of self-discovery.” ဆိုတဲ့ စကားလိုပါပဲ။ဘဝဆိုတာ ကိုယ့်ကိုယ်ကို ရှာဖွေရင်း အကောင်းဆုံး Version တစ်ခု ဖြစ်လာအောင် ပြုပြင် ကြိုးစားယူရခြင်းလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ သတိမထားမိပေမယ့် Personal Development တိုင်းက Self Discovery ကနေ စတင်ကြတာချည်းပါပဲ။ ဒါပေမယ့် တခါတရံမှာ ကျွန်တော်တို့အများစုက ကိုယ့်အိပ်မက်တွေကို ရှာဖွေနေရင်းနဲ့ကို လမ်းပျောက်သွားတတ်တယ်။ စိတ်ဓာတ်ခွန်အားတွေ၊ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတယ်၊ ကြိုးစားသင်ယူလိုစိတ်တွေ ပျောက်ဆုံးတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားလေ့ရှိကြတယ်။ အလွယ်ကူဆုံးပြောရရင် ကိုယ်တိုင် ဘာဖြစ်ချင်မှန်းမသိ လမ်းပျောက်သွားတတ်ကြတယ်ပေါ့။


Two Types of inspiration

ကျွန်တော်တို့ ဖတ်နေကြ စာအုပ်တွေမှာလည်း ပါလေ့ရှိတယ်၊ Social Media ပေါ်မှာလည်း ခဏခဏတွေ့ရတယ်၊ အောင်မြင်ကျော်ကြားတဲ့ လူတွေရဲ့ အမေးအဖြေတွေမှာလည်း သူတို့ပြောနေကြ စကားလုံးတစ်ခုရှိပါတယ်။ Inspiration ဆိုတဲ့စကားလုံးပါ။ “What inspire me most is …” တို့ “ဒီကနေ တဆင့် Inspiration ရလာတာ …” တို့ “ဘယ်ကနေ Inspiration ကို ရှာတွေ့သွားလဲဆိုရင် …” စတဲ့ အသုံးအနှုန်းတွေကို ကျွန်တော်တို့ ကြားဖူးနေကြ ဖြစ်မှာပါ။


You have two choices

“Every Day may not be good but there is something good in everyday” ဆိုတဲ့ စကားလိုပါပဲ။ ပြက္ခဒိန်မှာ ရက်ရာဇာတွေ ပြဿဒါးတွေ သတ်မှတ် ထားပေမယ့် ကျွန်တော်တို့ ခင်ဗျားတို့သာ နေတတ်မယ်ဆိုရင် နေ့ရက်တိုင်းက အမြဲ ရက်ရာဇာတွေကြီးပါပဲ။ ဆိုလိုချင်တာက Good Day တွေ Bad Day တွေ ဆိုတာတွေကို ကျွန်တော်တို့ Attitude ကသာ သတ်မှတ်တာပါ။ တနည်းအားဖြင့်ပြောရရင် Optimistic အမြင်နဲ့ ရေ တဝက်ပြည့်နေတယ်ဆိုတာမျိုးပဲ တွေးကြသလိုပေါ့။


ကိုယ့်ရဲ့ Stress တွေကို Success ဖြစ်အောင်ဘယ်လိုပြောင်းလဲကြမလဲ?

“The key to winning is poise under stress.” ဆိုတဲ့ စကားလိုပါပဲ။ ကျွန်တော်အပါအဝင် လူအများစုမှာ တူညီတာတစ်ချက်က ကျွန်တော်တို့အားလုံးဟာ ကိုယ့် Career မှာ Success ဆိုတဲ့ အောင်မြင်မှုကို တောင့်တကြသလောက် Stress ဆိုတဲ့ စိတ်ဖိစီးမှုတွေကိုတော့ ခံနိုင်ရည် မရှိတတ်ကြတာဖြစ်ပါတယ်။ Successful Career နဲ့ Stressful Life ဆိုတာ အနည်းနဲ့အများတော့ ဒွန်တွဲနေကြတာချည်းပါပဲ။ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကြောင့် Stress ဖြစ်တယ်။ ဖြေရှင်းလို့ရပြန်တော့လည်း ဘယ်လိုဖြေရှင်းရမလဲဆိုပြီး Stress ဖြစ်ပြန်တယ်လေ။ နေ့စဉ် ဘဝထဲမှာ မလွဲမသွေ ကြုံနေရတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ စိတ်အလိုမကျမှုတွေ အကုန်လုံးကလည်း စိတ်မထားတတ်သူအတွက်တော့ Stress တွေပါပဲ။