ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ရာ ရှောင်ကျဉ်သင့်တဲ့စကားများ

ကျွန်တော်တို့ပါးစပ်က ပြောလိုက်တဲ့စကားလုံးတွေက လူတွေရဲ့နားမှာ ကြားရုံသာမက ပြောသူရဲ့စိတ်နေသဘောထားကို ခံစားမိစေနိုင်ပါတယ်။ တစ်ခါတရံ ကျွန်တော်တို့ပြောဆိုနေကြတဲ့ စကားတွေက လက်ခံလိုက်ရတဲ့ တစ်ဖက်လူစိတ်ထဲမှာ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတာမျိုးတွေ ဖြစ်ဖူး၊ ကြုံဖူးကြလေ့ရှိမှာပါ။ ဒီလို Verbal Slip-ups တွေဖြစ်လေ့ရှိတဲ့ အကြောင်းအရင်းက ကျွန်တော်တို့အများစုမှာ Social Awareness မရှိကြလို့ပါ။


လုပ်ငန်းခွင်အတွင်း စိတ်ဓာတ်ရင့်ကျက်သူတစ်ယောက်ဖြစ်လာစေရန်နည်းလမ်းများ

နေ့စဉ် အခက်အခဲ အကျပ်အတည်းမျိူးစုံနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ စွမ်းအားတစ်ခုက ဘာကိုမဆို စိတ်ဓာတ်ရင့်ကျက်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်းပါပဲ။ စိတ်ဓာတ်ရင့်ကျက်စွာ နေတတ်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင်အတွင်းမှာ ဖြစ်လာသမျှ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ၊ Challenge တွေအားလုံးကို တည်ငြိမ်စွာနဲ့ ရင်ဆိုင်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒီလိုဆို ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ လုပ်ငန်းခွင်မှာ စိတ်ဓာတ်ရင့်ကျက်သူတစ်ယောက် ဖြစ်လာစေဖို့ ဘယ်လိုမျိုး နေထိုင်ရမလဲ ... ?


Career Opportunities for Business Management Students

ကျောင်းပြီးခါနီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရတော့မယ်လို့ စဉ်းစားလိုက်တိုင်း ကျောင်းသားအများစုအတွေးထဲမှာ ပေါ်လာလေ့ရှိတာက ကိုယ်ရွေးချယ်တက်ရောက်လိုက်တဲ့ Major နဲ့ ကိုက်ညီတဲ့ ဘယ်လို Career ကို ရွေးချယ်လုပ်ကိုင်ရမလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒီလို အခြေအနေမျိုးက Business Management ဘွဲ့ရ ကျောင်းသူကျောင်းသားတွေအများစုမှာ ဖြစ်လေ့ရှိတာကို တွေ့ရမှာပါ။ ကဲ ဒီလိုဆို Business Management ဘွဲ့နဲ့ လျှောက်လှမ်းရမယ့် Career Pathway မှာ ဘယ်လို Career Opportunities တွေ ရှိနေပြီလဲ?