Work Hard Work Smart

“ Work smart , not hard.” “Smart work beats hard work” စသည်ဖြင့် Quote မျိုးစုံ ကျွန်တော်တို့ ဖတ်ဖူးမြင်ဖူးကြမှာပါ။ • အချို့ကလည်း အလုပ်တစ်ခုကို smart ဖြစ်ဖြစ် လုပ်တတ်ဖို့ အရေးကြီးတယ်။ အချို့ကလည်း အလုပ်တိုင်းမှာ smart ဖြစ်နေရုံနဲ့ မပြီးဘူးပေါ့။ Working Hard ဆိုတာ အမြဲ ကိုယ့်လက်စွဲဆောင်ပုဒ်ဖြစ်နေမှ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ရေးကြ ပြောကြတာကို ဖတ်ဖူးကြားဖူးနေကြမှာပါ။ • ဆိုတော့ ဘယ်အလုပ်မဆို Smart ဖြစ်စွာ လုပ်သင့်လား ဒါမှ မဟုတ် ကြိုးစားပြီး လုပ်သင့်လား လို့ မေးခွန်းထုတ်ရင်တော့ အဖြေက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ • သင်က အရည်အချင်းပြည့်ဝစွာနဲ့ အောင်မြင်မှုလမ်းကြောင်းဆီ လှေကားထစ်တစ်ခုချင်းစီ လျှောက်လှမ်းမယ်ဆိုရင်တော့ “Work Hard & Work Smart” ဖြစ်ဖို့လိုပါတယ်။


Stop Thinking Start Doing

▪️ကျွန်တော်တို့တွေ အားလုံးလိုလို ကိုယ်ပိုင် စိတ်ကူးထဲမှာ ဖြစ်ချင်တာတွေ ုလုပ်ချင်တာတွေ အများအပြားရှိတတ်ကြစမြဲပါ။ ဘ၀ အတွက် ကြီးကြီးမားမား အိပ်မက်တွေကစလို့ ဘာသာစကားအသစ်သင်ချင်တယ်၊ အားကစားလုပ်ချင်တယ်၊ ဝိတ်ထိန်းချင်တယ်၊ ပိုက်ဆံစုချင်တယ် စသည်ဖြင့် အသေးအမွှား စိတ်ကူးလေးတွေ အထိပေါ့။ ▪️ ဆိုတော့ မေးစရာက ကျွန်တော်တို့ ဖြစ်ချင်တာ လုပ်ချင်တာတွေကို ဒီတိုင်း စိတ်ကူး အိပ်မက် သပ်သပ်ပဲ ပုံဖော်ထားကြတော့မှာလား?လက်တွေ့ အသက်သွင်း ပုံမဖော်ကြတော့ဘူးလား ? ▪️ အကယ်၍များ ကိုယ်တိုင်က ကိုယ့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့ ရေးခြယ်ဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီဆောင်းပါးလေးကို ၃ မိနစ်လောက် အချိန်ပေး ဖတ်ရှုပါလို့ အကြံပြုလိုက်ပါရစေ။


Things You Should Do in Your 20s

ကျွန်တော်တို့ ကြားဖူးနေကျ စကားတစ်ခွန်း ရှိတယ်။ “Your 20s are a time of figuring out your blueprint for life” တဲ့ဗျ။ ▪️ဆယ်ကျော်သက်အရွယ်ကနေ အသက်နှစ်ဆယ်ကို ကူးပြောင်းသွားပြီဆိုတာနဲဲ့ ကျွန်တော်တို့ဟာ တရားဝင် လူကြီး ဖြစ်သွားကြပြီလို့ သတ်မှတ်လို့ ရပြီပေါ့။ ▪️ လူကြီးတစ်ယောက်ရဲ့ ဝတ္တရားတွေအားလုံးကို တာဝန်ယူဖို့ရာ တောက်ပတဲ့ အနာဂတ်လမ်းကြောင်းတစ်ခုပေါ် ကို အားအင်အပြည့်နဲ့ လျှောက်လှမ်းရတော့မယ့် အရွယ်၊ အကောင်းမွန်ဆုံးသော ကိုယ်ပိုင် ဘ၀ နေထိုင်မှု ပုံစံ တစ်ခုကို ခိုင်မာစွာ ပုံဖော်နိုင်ဖို့အတွက် ကိုယ်တိုင် Foundation တည်ဆောက်ရတောမယ့်အရွယ်၊ နောင်တချိန်မှာ အောင်မြင်ပျော်ရွှင်တည်ငြိမ်တဲ့ မိမိကိုယ်ကို ပြန်မြင်နိုင်ဖို့ရာ အတွေ့အကြုံတွေ၊ ဒုက္ခသုခ မျိုးစုံတွေကို ကြုံရ ဆုံရ တွေ့ရ မြင်ရတော့မယ် အရွယ် လို့ ဆိုနိုင်ပါတယ်။ ▪️ ဒီလို ၂၀ကျော်ဆိုတဲ့ အရွယ်ကို လူအမျိုးမျိုးကတော့ ပုံစံ အမျိုးမျိုးနဲ့ ကုန်ဆုံးဖြတ်သန်းသွားကြမှာပါ။ ဒီ အရွယ်မှာ ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ရလဒ်တွေနဲ့ ကိုယ်ပိုင် ပန်းတိုင် တစ်ခုဆီကို နောင်တချိန်မှာ ရောက်သွားကြမှာပါ။ ▪️ ဆိုတော့ ကျွန်တော်တို့ရဲ့ အသက် ၃၀ ၊ ၄၀ မှာ ပျော်ရွှင် အောင်မြင်တဲ့ ဘ၀ တစ်ခု ပိုင်ဆိုင်နိုင်ဖို့ရာ ကျွန်တော်တို့ရဲ့ အသက် ၂၀ အရွယ်မှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ ? တန်ဖိုးရှိလှတဲ့ အသက် ၂၀ကျော် အရွယ်ကို ဘယ်လို ဖြတ်သန်းသင့်သလဲပေါ့ဗျာ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး မှန်၊မမှန် သင်ကိုယ်တိုင်ပဲ ကောက်ချက်ချကြည့်လိုက်ပါဦး။


How to overcome procrastination

အချိန်ဆွဲတတ်တဲ့အကျင့်ကို လူအချို့က အပျင်းတက်တဲ့အကျင့်လို့ ဆိုကြပါတယ်။ တကယ်တော့ အချိန်ဆွဲခြင်း (Procrastination) နဲ့ အပျင်းတက်ခြင်း (Laziness) ဆိုတဲ့ သဘောတရားက မတူညီပါဘူး။ အချိန်ဆွဲခြင်း (Procrastination) ဆိုတာက ဘာမှမလုပ်ဘဲ ပျင်းနေတာမျိုးထက် ကိုယ်က Active ဖြစ်နေရက်နဲ့ကို လုပ်ရမယ့် အလုပ်အစား အခြားအလုပ်တစ်ခုကို လုပ်နေတာမျိုးကို ဆိုလိုတာပါ။ ▪️ ဆိုတော့ သင်က ပျင်းနေတာမျိုးမဟုတ်ပါဘဲ အလုပ်တွေကို အချိန်ဆွဲ၊ အချိန်မီ မပြီးမစီး အမြဲဖြစ်နေတတ်သူဆိုရင်တော့ ဒီအကျင့်ဆိုးကို ပြင်နိုင်ဖို့ရာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပြုလိုက်ပါရစေ။


10 business and leadership books that have helped MBA students succeed in the business world

သင်က စာဖတ်ဝါသနာထုံသူတစ်ဦး၊ တချိန်မှာ အောင်မြင်တဲ့ စီးပွားရေးနယ်ပယ်ကို ဦးဆောင်လိုသူတစ်ဦး၊ လက်ရှိမှာလည်း စီးပွားရေးနဲ့ပတ်သတ်တဲ့ Business Management ပိုင်းတွေကို Master Degree ရယူဖို့ ကြိုးစားသင်ယူနေသူတစ်ဦးဖြစ်မယ်ဆိုရင် စီးပွားရေးလောကထဲမှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ရာ အထောက်အကူပြုနိုင်မယ့်၊ သိထားဖတ်ထားသင့်တဲ့ Business & Leadership ပိုင်းဆိုင်ရာ စာအုပ်တွေအကြောင်းကို ပြောပြပေးသွားမှာပါ။


The Importance of Education in Your Career

“A man without an education is like a building without a foundation” ဆိုတဲ့ စကားလိုပါပဲ။ ကောင်းမွန်တဲ့ Career Pathway ကို လျှောက်လမ်းချင်ရင် ကိုယ့်မှာ ကောင်းမွန်တဲ့ ပညာရေး အခြေအနေတစ်ခုတော့ ရှိထားဖို့လိုပါတယ်။ ပညာရေး အခြေအနေကောင်းကောင်းမရှိတဲ့ Career လမ်းကြောင်းဆိုတာ Foundation မကောင်းတဲ့ အဆောက်အဦးတစ်ခုလိုပါပဲ။ ရေရှည်ခိုင်ခံ့နေဖို့ မလွယ်ကူလှပါဘူး။


Why is Education important?

“Education is a social process. Education is growth. Education is not a preparation for life; education is life itself” လို့ John Dewey ဆိုခဲ့ဖူးသလိုပါပဲ။ ပညာရေးကဏ္ဍဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုမှာ အရေးပါဆုံးအရာအဖြစ်ရပ်တည်နေတဲ့ Social Process တစ်ခုပါ။ ဘဝအတွက် တဆင့်ထက် တဆင့်ပြောင်းလဲ တိုးတက်မှု တစ်ခု လို့ ဆိုနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ပညာရေးဟာ ဘဝအတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ကြိုတင် ပြင်ဆင်ထားရမယ့် အရာဆိုတာထက် ပညာရေးဆိုတဲ့ ကဏ္ဍကိုက ဘဝရဲ့ တစိတ်တဒေသ ဖြစ်နေတာပါ။ ဒီနေရာမှာ ပညာရေးဆိုတာ ကျောင်းတစ်ကျောင်းက အသိအမှတ်ပြု ဘွဲ့လက်မှတ်ရရှိထားတာမျိုးကိုသာ ဆိုလိုတာမဟုတ်ဘဲ ကိုယ်သင်ယူထားတဲ့ ဗဟုသုတ အသိပညာတွေနဲ့အတူ အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ကောင်းမွန်တဲ့ ဘဝကိုလျှောက်လှမ်းနိုင်စွမ်းရှိတာမျိုးကို ဆိုလိုတာပါ။


How to make better decision in life

ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်ကြမလဲ ? လူသားတိုင်းရဲ့ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက် တစ်ခုခု မချဘဲ ဖြတ်သန်းရတဲ့ နေ့ ဆိုတာ မရှိပါဘူး။ နေ့တိုင်းလိုလို ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေ ချမှတ်ရင်း ရှင်သန်နေကြရတာပါ။ ဒီနေ့တော့ ဘယ်သွားမယ် မနက်စာကို ဘာစားမယ် စတဲ့ နေ့စဉ် ဆုံးဖြတ်ချက်လေးတွေကနေတဆင့် ဘဝအတွက် အရေးပါတဲ့ ဘယ်ပညာရေးလမ်းကြောင်းကို ရွေးမယ် ဘယ် နေရာမှာ အသက်မွေးဝမ်းကျောင်းပြုမယ် ဘဝကို ဘယ်နည်းဘယ်ပုံနဲ့နေထိုင်မယ် စတဲ့ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေကို ကိုယ်တိုင် ဆုံးဖြတ်ပြီး နေထိုင်ရှင်သန်နေကြသူချည်းပါပဲ။


Critical Thinking Vs Creative Thinking

Critical Thinking နဲ့ Creative Thinking ဆိုတဲ့ စကားလုံးမျိုးတွေကို ကျွန်တော်တို့အများစု ပြောဆိုဆက်ဆံနေရတယ့် ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားဖူးနေကြမှာပါ။ ဒီတော့ Critical Thinking ဆိုတာ ဘယ်လိုမျိုးလဲ? ဘယ်လို အတွေးအခေါ်မျိုးကို Creative Thinking လို့ခေါ်တာလဲ? Critical Thinking နဲ့ Creative Thinking ကဘယ်လို ကွာခြားလဲ ဆိုတော့ Critical Thinking ဆိုတာ ကိစ္စတစ်ခုနဲ့ ကြုံလာရတိုင်း ဘယ်လို အဖြေက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် ဆုံးဖြတ်တဲ့ Thinking Skill တစ်ခုပါ။ Creative Thinking ဆိုတာကတော့ ဘယ်လို ဖြေရှင်းချက် အသစ် အသစ်တွေက ပိုမိုကောင်းမွန်နိုင်မလဲဆိုတာမျိုးတွေ တွေးခေါ်နိုင်စွမ်း ရှိတဲ့ skill တစ်မျိုးလို့ ဆိုလို့ရပါတယ်။


ဦးနှောက်မှတ်ညဏ်စွမ်းရည်ကိုအထောက်အကူပြုသောစာကျက်မှတ်လေ့လာနည်းများ

“ Brain power improves by brain use, just as our bodily strength grows with exercise” ဆိုတဲ့ စကားလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဦးနှောက်စွမ်းရည်ဆိုတာမျိုးက ထက်လာအောင်အမြဲ သွေးပေးနေသင့်တဲ့ ဓားတလက်လိုပါပဲ။ ကိုယ်တိုင် နည်းမှန်လမ်းမှန်နဲ့ အမြဲ အသုံးပြုနိုင်မှ တိုးတက်လာတာမျိုးပါ။ ကျွန်တော်တို့ စတင်မွေးဖွားလာထဲက ၂၄ နာရီ လုံးလုံး အလုပ်လုပ်နေတဲ့ ဦးနှောက်က တခါတလေ ကျွန်တော်တို့ မှတ်လို သမျှကို မမှတ်ထားနိုင်တာမျိုး၊ မှတ်ထားပြီးသမျှကို မေ့ပစ်လိုက်တာမျိုး စတဲ့ အခြေအနေတွေကိုလည်း ကြုံရမှာပါ။


တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုဖို့

ဘဝရဲ့ တဆစ်ချိုးလို့ ခေါ်ဆိုင်နို်င်တဲ့ ကျောင်းသူကျောင်းသားတိုင်းအတွက် အရေးအကြီးဆုံးသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးကပ်လို့လာပါပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ တစ်နည်းပြောရရင် ကျောင်းသူကျောင်းသားတွေ ရှေ့ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ကို အတိုင်းအတာတစ်ခုအထိ အဆုံးအဖြတ် ပေးနိုင်မယ့် စာမေးပွဲလို့လည်း ဆိုနိုင်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။


Tips for Applying Scholarship

“Scholarship” ဆိုတာ ဒီနေ့ခေတ်မှာ ပညာရေးနယ်ပယ်ကို အထူးစိတ်ဝင်တစားရှိကြတဲ့ လူငယ်လူရွယ်တိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား စကားလုံးတစ်ခုပါ။ ကျောင်းသူကျောင်းသား လူငယ်တိုင်းအတွက် အောင်မြင်ဖို့ရာ လမ်းစ တစ်ခုလို့ ဆိုလည်း မမှားပါဘူး။ တခါတလေ ဒီလို အခွင့်အရေးမျိုး ရလာတာတောင် ကျွန်တော်တို့ကိုယ်တိုင် ဘယ်က ဘယ်လို စပြီး တွေးတောစဉ်းစားရမှန်းမသိ၊ ဘာတွေ ပြင်ဆင်လို့ ပြင်ဆင်ရမှန်းမသိနဲ့၊ ကိုယ်နဲ့ရော ကိုက်ညီရဲ့လား၊ တကယ်ရောတက်ချင်တာ ဟုတ်ရဲ့လား စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ ဖြစ်နေတတ်တာမျိုးက ကြုံတွေ့နေရပါသေးတယ်။